နီနီခင်ဇော်နဲ့ လူပျက်များအကြောင်း

လူပျက်များအ​ကြောင်း ~~~~~~~~~~~~~~~~ ​မြေနိမ့်ရာလှံစိုက် တပါးသူဘဝကိုနင်း​ချေ​ပြောရတာကို မိန်​ရေရှက်​ရေ ​ပျော်​မွေ့တတ်သူမျိုး ကူညီမလို​ဟန်​ရေးပြ ​နောက်ကွယ်ကျ​ချောက်ထဲတွန်းချတတ်သူမျိုး ကိုယ့်အခက်အခဲ​တွေကို ​ကျေနပ်ကြိတ်ပြုံး​နေတတ်သူမျိုး ​ထူးချွန်ကောင်းမွန်သည့်အရာ​တွေကို ချီးကျူး​ထောပနာပြုရန် ​ရေငုံနှုတ်ဆိတ်​နေတတ်ပြီး လမ်းမှား​​စေသော အရာ​တွေကို ညွှန်ပြတတ်သူမျိုး ကိုယ်ကျရှုံး ပြိုလဲ​နေချိန် လက်ညိုးထိုး အပြစ်တင် စွန့်ခွာသွားတတ်သူမျိုး ထိုသူတို့သည် လူတိုင်း ဘဝ တ​ကွေ့ မှာ​တွေ့ ခဲ့ကြမှာ အမှန်ပင်…. (လူပျက်= ​လောကကိုပျက်စီး​စေ​သောသူ) ၂၉နှစ်အ​တွေ့အကြုံ အ​တွေးအပိုင်းအစများ နီနီခင်​ဇော် Source from Ni Ni’s FB

ကဗျာဆန်တယ်လို့ မထင်ရပေမယ့် ကဗျာဆန်တဲ့ နီနီ

အဆိုကောင်းပြီးလှသလို ကဗျာဆန်တယ်လို့ မထင်ရပေမယ့် ကဗျာဆန်တတ်တာ နီနီခင်ဇော်ပါ။ ဘ၀ဆိုတဲ့ အကြောင်း ရေးထားတဲ့ သူမရဲ့ အတွေးအပိုင်းအစတချို့ကို FashionMyanmar မှ၀ေမျှပေးလိုက်ပါတယ်. ရှင်သန်​​​နေရခြင်းကို က “ဘဝ” ပါ ရှင်သန်ခြင်း​တွေရှိ​နေသ​ရွေ့ ရုန်းကန်​အသက်ရှင်နေရဦးမှာပဲ ဒီလိုပဲ​ပေါ့ ​ကြွေတဲ့​နေ့ရှိသလို ​ဝေတဲ့​နေ့​​တွေရှိခဲ့တယ် အပင်​အမြစ်​သေလို့ မရသလို “စိတ်​”အမြစ် နွမ်းလို့​တော့မရပြန်ဘူး ​နေ့တိုင်းလည်း​ပျော်မ​​နေနိုင်ခဲ့သလို ​နေ့တိုင်းလည်း ငိုမ​နေရပါဘူး စိတ်ဓါတ်ကျတဲ့​​နေ့​တွေများခဲ့သလို ရယ်​မော​ပျော်ရွင်ခဲ့တဲ့ည​တွေလည်းမနည်းခဲ့ပါဘူး ​​​ကောင်းတဲ့​နေ့​​တွေဖြတ်ခဲ့သလို အဆိုးဆုံး​နေ့​တွေရင်ဆိုင်ရမယ် ဒါဟာအားလုံးရင်ဆိုင်​နေရသလို တသားတည်းပါပဲ ဒါဟာရှင်သန်​နေတဲ့သက်ရှိတဦးရဲ့ “ဘဝ” ပဲ​ပေါ့ နီနီခင်ဇော်