ချစ်စရာကောင်းတဲ့ ခွက်လေး လက်ဆောင်ရတဲ့ဖွေး

ထိပ်တန်းမင်းသမီးတလက်ဖြစ်တဲ့ဖွေးဖွေးဟာ အနုပညာမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့ လွတ်လပ်ပေါ့ပါးတဲ့ပြင်ဆင်နေထိုင်မှုများကြောင့်ချစ်ခင်သူပရိတ်သတ်အမြောက်အမြားပိုင်ဆိုင်ထားသူတစ်ဦးပါ။ ဒီနေ့မှာတော့ ဖန်ခွက်လှလှလေးရထားကြောင်းသူမ Facebook Page မှာ ”သူ ​ပေး တဲ့ ကြာဖန်ခွက်​လေ ”ကြွားထားပါတယ်။ သူမကိုချစ်တဲ့ပရိတ်သတ်ကတော့ မေးခွန်းထုတ်စရာမလိုအောင် ပေးတဲ့သူဟာ..သူမသူငယ်ချင်း စာရေးဆရာမ မာရင်ရင် ဖြစ်တယ်ဆိုတာ သိကြပါတယ်။ ချစ်ခင်သူပေါများတာ ကံကောင်းခြင်း လက်ဆောင်တစ်ခုပါနော်။