နီနီခင်ဇော်နဲ့ လူပျက်များအကြောင်း

လူပျက်များအ​ကြောင်း ~~~~~~~~~~~~~~~~ ​မြေနိမ့်ရာလှံစိုက် တပါးသူဘဝကိုနင်း​ချေ​ပြောရတာကို မိန်​ရေရှက်​ရေ ​ပျော်​မွေ့တတ်သူမျိုး ကူညီမလို​ဟန်​ရေးပြ ​နောက်ကွယ်ကျ​ချောက်ထဲတွန်းချတတ်သူမျိုး ကိုယ့်အခက်အခဲ​တွေကို ​ကျေနပ်ကြိတ်ပြုံး​နေတတ်သူမျိုး ​ထူးချွန်ကောင်းမွန်သည့်အရာ​တွေကို ချီးကျူး​ထောပနာပြုရန် ​ရေငုံနှုတ်ဆိတ်​နေတတ်ပြီး လမ်းမှား​​စေသော အရာ​တွေကို ညွှန်ပြတတ်သူမျိုး ကိုယ်ကျရှုံး ပြိုလဲ​နေချိန် လက်ညိုးထိုး အပြစ်တင် စွန့်ခွာသွားတတ်သူမျိုး ထိုသူတို့သည် လူတိုင်း ဘဝ တ​ကွေ့ မှာ​တွေ့ ခဲ့ကြမှာ အမှန်ပင်…. (လူပျက်= ​လောကကိုပျက်စီး​စေ​သောသူ) ၂၉နှစ်အ​တွေ့အကြုံ အ​တွေးအပိုင်းအစများ နီနီခင်​ဇော် Source from Ni Ni’s FB

မြန်မာ၀တ်စုံလေးနဲ့လှနေတဲ့နီနီ

အသံအားကောင်းကောင်းနဲ့ ပရိတ်သတ်တွေရဲ့အာရုံကိုဖမ်းစားနိုင်တဲ့နီနီက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ၁၉၈၀ ၀တ်စားဆင်ယင်မှုမျိုးနဲ့ မန်းန္တလေးကျူံးကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့အလှဓာတ်ပုံလေးတွေပါ။ မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ် ❤️ မြန်မာအမျိုးသမီးများ လှပကျော့ရှင်း၊ သိမ်မွေ့ပြီး ထက်မြက်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ပါစေ လို့ ဆုမွန်ကောင်းတောင်းလျက် 🙏 မြန်မာအမျိုးသမီးများ​နေ့အတွက် ချစ်တဲ့ နီနီ လို့ရေးသားဂုဏ်ပြုခဲ့ပါတယ်