ပရော်ဖက်ရှင်နယ် Model တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ဟာ John Lwin’s Star & Model International Modeling Agency မှစတင်ပြီး ၂၀၁၄ခုနှစ်မှာ Model လောကသို့ ၀င်ရောက်လာခဲ့သူတစ်ဦးပါ။ တည်ကြည်ခံ့ငြားတဲ့ရုပ်ရည်နဲ့ သပ်ရပ်တဲ့ Model Look ကြောင့် အမျိုးသမီးထုရဲ့ အသဲနှလုံးဆိုရင်လဲ မမှားပါဘူး။ လာမယ့်စက်တင်ဘာလမှာ 24 နှစ်ပြည့်တော့မယ့် ပိုင်တံခွန်ဟာမောင်နှစ်မ ၆ယောက်ရှိပြီး အစ်ကိုကြီး ၂ယောက်နဲ့ ညီမလေးနှစ်ယောက်ရှိပါတယ်။ဇာတိကတော့ ကော့သောင်းမြို့မှဖြစ်ပြီးPsychology နဲ့အဝေးသင်တက်ရောက်နေပါတယ်။ Model ပိုင်းမှာသာမက အဆိုပိုင်းမှာပါ ချစ်သူ ဆိုတဲ့ Solo Album တစ်ခွေထွက်ရှိပြီး အနတ္တမေတ္တာမိဘမဲ့ကလေးကျောင်းမှာ အခွေရောင်းလို့ရတဲ့ ငွေတွေလှူဒါန်းခဲ့တဲ့အတွက် အလှူအတန်းမှာလဲ ရက်ရောသူဖြစ်ပါတယ်။ Pond’s Myanmar, Oppo Myanmar, Telenor Myanmar နဲ့ Sunkist Myanmarတို့ရဲ့ brand ambassador တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ဟာ မြန်မာပရိတ်သတ်သာမက ထိုင်းပရိတ်သတ်များစွာရရှိထားတဲ့အထိ အောင်မြင်နေတဲ့ Model Singer တစ်ဦးဖြစ်ပါတယ်။