GFatt နှင့်တွဲဖက်ကာ “ကြိုး” သီချင်းကိုသီဆိုဖျော်ဖြေခဲ့တဲ့ပန်းရောင်ခြယ်

Samsung ရဲ့ Ambassador တစ်ဉီးဖြစ်တဲ့ ပန်းရောင်ခြယ်ကို Samsung Galaxy Note 20 မိတ်ဆက်ပွဲမှာ တမူထူးခြားစွာ ဆံပင်ပုံစံကော ၀တ်နေကျ ဂါ၀န်ရှည်တွေလိုမဟုတ်ပဲ နုပျိုသွက်လက်တဲ့အလှနဲ့လိုက်ဖက်စွာ ဂါ၀န်တိုလေးကို ၀တ်ဆင်ခဲ့ပါတယ်။ အဆိုတော် GFatt နှင့်တွဲဖက်ကာ “ကြိုး” သီချင်းကို ပထမဦးဆုံးအကြိမ် သီဆိုဖျော်ဖြေခဲ့ပါတယ်။

Mitsubishi အတွက် ကြောငြာရိုက်ကူးနေတဲ့ပန်းရောင်တို့မိသားစု

အသံချိုချိုလေးတွေနဲ့ စွဲမက်ဖွယ်အလှရှိတဲ့ အဆိုတော်မလေး ပန်းရောင်ခြယ်ဟာ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်.. Cute Press ရဲ့ Brand Embassador တစ်ဦးလဲဖြစ်တဲ့ပန်းရောင်ခြယ်ဟာ အရမ်းချစ်စရာကောင်းတဲ့ ဆံနွယ်ရှည်ရှည်လေးတွေကိုလဲ ပိုင်ဆိုင်ထားသူပါ။ ဇူလိုင် ၃ရက်နေ့က ပန်း​ရောင်တို့မိသားစု Mitsubishi Xpander 2020 ကြော်ငြာရိုက်ကူးနေပြီး launch လုပ်တဲ့အချိန်ကျရင်​​လဲတွေ့ကြမယ်လို့ သူမက ဖိတ်ခါ်ထားပါတယ်။